မြစ်သား နိုဝင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(ဠီဏ) ကျေးရွာများကို ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစ်သားမြို့နယ်အတွင်း ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာများစိစစ်ရွေးချယ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ သည်။
အစည်းအဝေးတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် လုပ်ငန်းအကောင်အထည်ဖော် ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေး နှင့်လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်တို့က မြစ်သားမြို့နယ်၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း အတွက် ကျေးရွာများကို စီမံကိန်းလက်စွဲပါ သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပေးခဲ့ကြသည်။
၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစ်သားမြို့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၂)ယူနစ်နှင့် ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (ဠီဏ)ကျေးရွာ(၁၅)ရွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာလင်းလင်းကျော်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်သင်းမြမြသင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မိုး၊ လုပ်ငန်းကော်မတီတွင်ပါဝင်သော ဌာနဆိုင်ရာများနှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ဆုမွန်(ပြန်/ဆက်)