ရွှေကူ နိုဝင်ဘာ ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၏ (၂၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ လ ၁၁ ရက် နံနက် ၁၀ နာရီခန့်က ရွှေကူမြို့ အမှတ်(၄)ရပ်ကွက်၊ ဘောဂဗလရပ် မြဝတီ ကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်တို့အား အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း(၁၇)ကျောင်း၌ ကထိန်သင်္ကန်းနှင့် ဝတ္ထုငွေများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ကိုဗစ်−၁၉ရောဂါ မဖြစ်စေရန်နှင့်လူစုလူဝေးမဖြစ်စေရန် တို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များခွဲ၍ မြို့ပေါ် ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၁၇)ကျောင်းအား ကထိန်သင်္ကန်း(၁၇)စုံနှင့် ဝတ္ထုငွေ (၇၆၀၀၀၀) ကျပ်အား လှူဒါန်းခဲ့ပြီး ရေစက်သွန်းချအမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)