ရွှေပြည်သာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး‌နေ့အခမ်းအနားကျင်းပ 

​‌ရွှေပြည်သာ   မေ    ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး ကျောင်းအပ်နှံရေး‌နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊‌ ရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.ထ.က(၁)ကျောင်းမှ ကျောင်းသား/သူလေးများက ဘက်စုံပညာကိုရည်တို့လှမ်းချီသီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးက အဖွင့်အမှာစကား​ပြောကြားပြီး မြို့နယ်တာဝန်ခံပညာ‌ရေးမှူးဦး‌အောင်မျိုးဆန်းက‌ ကျောင်းအပ်နှံ‌ရေးနှင့်ပက်သက်၍ ရှင်းလင်း‌ပြောကြား‌သည်။  

ထို့နောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များနှင့် ခဲတံ၊‌ ဘောလ်ပင်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ပြီး အ.ထ.က(၁)ကျောင်းမှ ကျောင်းသူလေးများက ဒို့ကျောင်းတော်သီချင်းသီဆို၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ခရိုင်မိခင်နှင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်ယဥ်‌မေသွယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည် ။

နေမျိုးထွန်း(ပြန်/ဆက်)