ကျောက်ဆည် နိုင်ဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ Sports အားကစားမဂ္ဂဇင်းနှင့် ဂျာနယ်စာစောင်(၇၀)ကို ယနေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်မြမင်းမင်းမူက လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
စာအုပ်စာစောင်များလှူဒါန်းရာတွင် တစ်အုပ်လျှင်ငွေကျပ်(၃၀၀၀)ကျပ်တန်ဖိုးရှိ Sports အားကစား မဂ္ဂဇင်း(၃၅)အုပ်နှင့် အားကစား ဂျာနယ်မျိုးစုံ(၃၅)စောင်ကိုလှူဒါန်းခဲ့ပြီး ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်လေ့လာဖတ်ရှုသည့် ပြည်သူများ အားကစားစာပေများ ဖတ်ရှုလေ့လာပြီး အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့်ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်အတွက် လာရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများဗဟုသုမျိုးစုံ ရရှိစေရေး သုတ/ ရသ စာအုပ်မျိုးစုံ၊ မဂ္ဂဇင်းမျိုးစုံ၊စာစောင်မျိုးစုံနှင့် ကဗျာ၊ကာတွန်း စသည့် ကလေးစာပေးမျိုးစုံ ထားရှိပေးထား ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)
၀၉-၄၂၉ ၂၂၂ ၇၂၈