ဒဂုံ(ဆိပ်ကမ်း) နိုဝင်ဘာ ၁၁
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ရောဂါကူးစက်မှုများပြားလာသဖြင့် ပြည်သူများ လူစုလူဝေး မပြုလုပ်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များအား ယမန်နေ့ညပိုင်းတွင် မြို့နယ်အတွင်း ရပ်ကွက်အလိုက် လိုက်လံနိုးဆော် အသိပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံနိုးဆော်အသိပေးရာတွင် ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးမြောက် ပြီဖြစ်သော် လည်း လူစုလူဝေးပြုလုပ်ခြင်းများ ရှိနေသေးသည်ကို တွေ့ရှိရပါသဖြင့် လူစုလူဝေး မပြုလုပ်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက် များကို ပြည်သူများတိကျစွာ လိုက်နာနေထိုင်သွားလာရန်နှင့် ညွှန်ကြားချက်အားလိုက်နာ ဆောင်ရွက်ရန်ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်းစည်းကမ်း ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ စည်းကမ်းထိန်း သိမ်းရေး အဖွဲ့ထံမှ သိရှိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)