ရန်ကုန် နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်ငွေကျပ်(၂၈)သိန်း တန်ဘိုးရှိ (PAPR) အသက်ရှူစက် ၄ လုံးကို ယနေ့ နံနက်(၉)နာရီက စေတနာရှင်မိသားစုများက တိုက်ကြီးမြို့နယ် ဆေးရုံကြီး အစည်းအဝေးခန်းမ၌ လှူဒါန်းရာ ဆေးရုံးအုပ်ကြီး ဒေါက်တာဦးသန်းမြင့်က လက်ခံယူပြီး မှတ်တမ်းဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လှူဒါန်းသည့် အလှူရှင်များမှာ တိုက်ကြီးမြို့နယ် ဈေးရပ်ကွက် မြို့လယ်လမ်းနေ ဦးရဲလင်းထွန်းနှင့်ဇနီး ဒေါ်ဆင့်ဆင့်ဝင်းနှင့် ဦးနေလင်းထွန်းနှင့်ဇနီး ဒေါ်ကြည်ရှု မိသားစုတို့က အသက်ရှူစက်တစ်လုံးလျှင် ကျပ်(၇)သိန်းတန်ဘိုးရှိသော PSH 100/Powered Air Purifying Respirator (PAPR- အသက်ရှူစက်) ၄လုံး ကျပ်(၂၈)သိန်းကို လှူဒါန်းခဲ့ကြောင်းသိရသည်။
မျိုးသန့် (ပြန်/ဆက်)