ညောင်ဦး မေ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မေ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် ရွာသွန်းသည့် မိုးဖြင့် ကျေးလက်တောင်သူများ မြေပဲနှင့် နှမ်းများ စတင်ကြဲပက်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ကုလားတဲကျေးရွာ ကျေးလက်တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် မိုးရာသီ တစ်ရာသီသာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရသည့် ဒေသဖြစ်သောကြောင့် မိုးစတင်မရွာသွန်းမီ အချိန်ကပင် ယာမြေများ လယ်ခုတ်ခြင်း၊ ရှင်းလင်းခြင်း၊ မြေစီမြေနှစ် ကြဲပက်ထားခြင်းများဖြင့် စတင်၍ ယာမြေ စိုက်ပျိုးခြင်းလုပ်ငန်းများ စတင်လုပ်ကိုင်နေရပြီး မိုးစတင်ရွာသွန်းလျှင် အဆင်သင့် ထွန်ယက်စိုက်ပျိုးနိုင်ရန် ပြင်ဆင်ထားလေ့ရှိကြောင်း သိရသည်။ ယခုအခါ မိုးရွာသွန်းခြင်းနှင့်အတူ မြေပဲနှမ်းများကို ကျေးလက်တောင်သူများ စတင်ထွန်ယက်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ကျေးလက်တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးသီးနှံများအဖြစ် မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပဲတီ စိမ်း၊ ပြောင်းသီးနှံများကို အဓိကထား စိုက်ပျိုးကြပြီး ဆီထွက်သီးနှံ မြေပဲများကို ပင်ပြန့်မြေ ပဲနှင့် ပင်ထောင်မြေပဲများကို နှစ်သီးစိုက်ပျိုးကြကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် မြစ်ရေ တင်ရေရရှိသည့် ကျေးရွာများသည်လည်း တစ်နှစ်ပတ်လုံး စပါး၊ ပဲတီစိမ်း၊ ပိုက်ဆံလျှော်၊ ဝါ၊ ငှက်ပျော၊ ငရုတ်၊ မာလကာ၊ ကြက်သွန်နီ၊ ပြောင်းဖူးများလည်း စိုက်ပျိုးကြကြောင်း သိရသည်။
ဒီပါလင်း