မိုင်းနောင်မြို့တွင် ဒေသထွက်ပြောင်းများ အရောင်းအဝယ်ကောင်း

မိုင်းနောင်  နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့သည် ဒေသထွက်သီးနှံ ပြောင်းအများဆုံး ထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ပြောင်းရောင်းဝယ်ခြင်းလုပ်ငန်းကိုလည်း အဓိကထား လုပ်ကိုင်လျက်ရှိသည်။

ယခုနှစ် ပြောင်းစိုက်ပျိုးသည့် ဧကမှာတစ်မြို့နယ်လုံးအချုပ် စာရင်းအရ(၂၈၀၀)ဧကဖြစ်ပြီး စိုက်ပျိုးသည့်မျိုးများမှာ (၈၀၈)(၈၀၁)(၁၁၁)နှင့်ရွှေနဂါးမျိုးများ ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ၊ ဦးစီးမှူးဦးသိန်းဇော်ဦးထံမှ သိရှိရသည်။

အထွက်နှုန်း တစ်ဧကလျှင် ပိဿာ(၁၂၀၀)ထွက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မိုင်းယန်း၊ မူဆယ်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပြောင်းကုန်သည် မချယ်ရီထံမှ သိရှိရသည်။

အဆိုပါ ပြောင်းများသည် တင်ပို့ရောင်းချသောဒေသအလိုက် စျေးနှုန်းကွဲပြားမှုရှိပြီး ရန်ကုန်၊ မန္တလေး၊ လားရှိုးမြို့များတွင် မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ မိုင်းယန်းမြို့တွင် တရုတ်ငွေ(ယွမ်)ဖြင့် လည်းကောင်း ရောင်းချရကြောင်း သိရသည်။

မိုင်းနောင်၊ ပြန်/ဆက်