ဒဂုံ နိုဝင်ဘာ ၁၁
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း ဈေးသည်များအား ကျန်းမာရေးနှင့်အညီ စနစ်တကျ ရောင်းချကြရေး စည်းကမ်းထိန်းသိမ်းခြင်းနှင့် ဈေးဝယ်ပြည်သူများ Stay at Home ကာလ၌ မလိုအပ်ဘဲနေ အိမ်ပြင်ပသို့ သွားလာခြင်း မပြုကြရန် အသိပညာ ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဦးနှင့် အဖွဲ့ဝင်များ၊ ဈေးတာဝန်ခံတို့က ဘုရားကြီးရပ်ကွက် အခွန်လွတ်ဈေးနှင့် ဒဂုံရိပ်သာဈေးတို့၌ ဆောင်ရွက်ကြောင်း သိရသည်။
အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန် လိုအပ်ပါ သဖြင့် တစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအနေဖြင့် ကာကွယ်ရေးပစ္စည်းများကို စနစ်တကျ တပ်ဆင်သွား လာကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ကြေညာချက်များကို တိတိကျကျ လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)