တွံတေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး Mask များ တပ်ဆင်ရန် ပညာပေး

တွံတေး နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်  Mask တပ်ဆင် ခြင်းဖြင့် ဈေးသွားဈေးလာ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်ခြင်း အလေ့အထရှိခြင်း ကြောင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ် သည့် ရည်ရွယ်ချက်ဖြင့် Mask များ ဖြန့်ဝေပေးခြင်းကို  ယနေ့ နံနက်ပိုင်းက မြို့မစျေး ရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mask များ ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး ခရီးသွားပြည်သူများ၊ လမ်းသွား လမ်းလာများ၊ ဈေးသွား ဈေးလာ၊ လူထူထပ် သည့်နေရာများတွင် Mask ယူဆောင်အသုံးပြု တပ်ဆင်ခြင်း အလေ့ အထရှိစေရေး၊ လမ်းသွား၊ လမ်းလာပြည်သူများ Mask တပ်ဆင်ခြင်း မရှိသူ(၁၂၂) ဦးအား Mask တန်ဘိုး ၅၀ ကျပ်နှင့် ဒဏ်ငွေ ၁၅၀ ကျပ်ဖြင့် ဒဏ်ကြေးပေးဆောင်စေပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်း များဖြင့် အရှိန်အဟုန်မြှင့် ပညာပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)