မြစ်သား မေ ၂၆
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်အတွင်း မြစ်သားမြို့နှင့်ကူမဲမြို့များရှိ စိုက်ပျိုးရေးဆေးဆိုင်များတွင် တရားမဝင်ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများ ၊ သက်တမ်းလွန်အရောင်းပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦး ခရိုင်အဆင့်မြေအသုံးချရေးတာဝန်ခံ ဒေါ်မိုးမိုးစိုး၊ မျိုးစေ့တာဝန်ခံ ဦးစိုးမင်းနိုင် ၊ သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ရီရီဌေး ၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ ကူမဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်သွယ်သွယ်ဝင်းနှင့် ဝန်ထမ်းများသည် မြစ်သားမြို့နယ်နှင့် ကူမဲမြို့များရှိ စိုက်ပျိုးရေး ဆေးဆိုင်များအား တရားမဝင်ပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာများ၊ သက်တမ်းလွန်အရောင်းပစ္စည်းများရောင်းချမှု ရှိ/မရှိ အခြေအနေများအား လိုက်လံကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)