ခရမ်း နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေ့စဥ်နံနက်(၇)နာရီကမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိသူများအား ဒဏ်ကြေး ငွေပေးဆောင် စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန် နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုကို ကိုဗစ်-၁၉ မြို့နယ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များ ဈေးကြီးကြပ်ရေးတာဝန်ခံနှင့် ဈေးလုံခြုံရေးများပူးပေါင်း၍ မြို့မဈေးကြီး အတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများနှင့် ဈေးရှေတွင် သွားလာနေသူများစက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များ ပေါ်တွင်စီးနင်းလိုက် ပါလာသူများအား နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိပါက ဒဏ်ကြေးငွေ (၁၅၀)ကျပ်၊ mask တစ်ခုတန်ဖိုးငွေ(၅၀)ကျပ်စုစုပေါင်း (၂၀၀)ကျပ်ပေးဆောင်စေပြီး ခုဝယ် ခုတပ် အစီအစဉ်ကိုဆောင်ရွက်ခဲ့ကြသည်။
ကိုမင်း(ခရမ်း )