သာစည် မေ ၂၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်ဒုတိယနေ့ကျောင်းအပ်နှံနေမှုများကို ယမန်နေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
လှည့်လည်ကြည့်ရှုအားပေးရာတွင် သာစည်မြို့အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများနှင့် အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မီးရထားတို့၌ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/သူများ ကျောင်းအပ်နှံနေမှုများ၊ ကျောင်းသုံးပစ္စည်းများထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှဇွန် ၂ ရက်ထိ ဖြစ်ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၁၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂ ကျောင်းတို့ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြို့နယ်ပြန်/ဆက်