မိုးညှင်း မေ ၂၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က စုပေါင်းရုံးရှိ ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အရာထမ်းအမှုထမ်းများ၏ သားသမီးများမှ ယခုပညာသင်နှစ်တွင် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာကျောင်းများ၌ ပညာတက်ရောက် သင်ကြားကြရာတွင် အဆင်ပြေမှုရှိစေရန်အတွက် ပညာသင်စရိတ်များအား ယခုလို ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ထောက်ပံ့ရာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူတစ်ဦးအတွက် ငွေကျပ် (၃) သောင်း နှုန်းဖြင့်လည်းကောင်း၊ အခြေခံပညာ အထက်တန်း အဆင့်အတွက် ငွေကျပ် (၂) သောင်း နှုန်းဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်အတွက် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့်လည်းကောင်း၊ မူလတန်းအဆင့်အတွက် ငွေကျပ်(၁)သောင်းနှုန်းနှင့် KG တန်းအတွက် ငွေကျပ်(၇)ထောင်နှုန်းဖြင့်လည်းကောင်း ကျောင်းသားကျောင်းသူ (၂၀) ဦးအတွက် ငွေကျပ် (၃၁၄၀၀၀) နှင့် ခရိုင်အုပ်ချုပ်ရေးမှူးမှ တစ်ဦးလျှင် ငွေကျပ် (၁) သောင်းနှုန်းစီဖြင့် ငွေကျပ် (၂) သိန်းတိတိကိုလည်းကောင်း စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၅၁၄၀၀၀) ကို တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း