ကျိုင်းတုံမြို့၌ တိုင်းရင်းသားရိုးရာအနုပညာပြပွဲ ကျင်းပ

ကျိုင်းတုံ မေ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းသားရိုးရာအနုပညာပြပွဲကို ယနေ့တွင် အမှတ်(၄)ရပ်ကွက်၊ ယဉ်ကျေးမှုပြတိုက်တိုက်တွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

တိုင်းရင်းသားရိုးရာအနုပညာ ပြပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးက အမှာစကားပြောကြားပြီး ကျိုင်းတုံမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာ ဓလေ့စရိုက်အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းသည့်အနေဖြင့် တိုင်းရင်းသားရိုးရာအနုပညာပြပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက ဓာတ်ပုံနှင့်ပန်းချီပညာရှင်နှစ်ဦးအား မိတ်ဆက်ပေးပြီး ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာအနုပညာပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့‌နောက်ပြပွဲတွင် ဓာတ်ပုံ ဦးကျော်ကျော်ဝင်းနှင့် ပန်းချီ ဦးထွန်းထွန်းတို့၏ ဓာတ်ပုံနှင့်ပန်းချီ တိုင်းရင်းသားရိုးရာအနုပညာပြပွဲကို တက်ရောက်လာကြသူများက လှည့်လည်ကြည့်ရှုအားပေကြသည်။ အဆိုပါ ဓာတ်ပုံနှင့်ပန်းချီ တိုင်းရင်းသားရိုးရာ အနုပညာပြပွဲကို မေ ၂၄ ရက်မှ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)