ကျောက်ပန်းတောင်းမြို့ ကောင်းမွန်တိုးဂိတ်အနီး စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်များမှ ယာဉ်မှူးနှင့် ယာဉ်လိုက်များ အား RDT Test Kit ဖြင့် စစ်ဆေးရာမှ ယာဉ်မောင်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း၊ နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးဂိတ်တွင် ကုန်တင် ယာဉ်များ မှ ယာဉ်မောင်းနှင့်ယာဉ်လိုက်များအား RDT Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ၊ ယမန်နေ့ ညနေပိုင်းက ယာဉ်မောင်း တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့မှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ထွက်ခွာမည့်  ယာဉ်အမှတ် 7N/……..မှ  ဒီဒုတ်ကုန်း ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာ၊ကျောက်ပန်းတောင်းမြို့နယ်နေသူ ယာဉ်မောင်းနှင့် နေရပ်တူ ယာဉ်နောက်လိုက်တို့အား ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးစခန်းတွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ ယာဉ်မောင်းဖြစ်သူတွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ၊ အဆိုပါ ပိုးတွေ့လူနာအား ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး၊ ၎င်းနှင့်ထိတွေ့ဆက်စပ်ခဲ့သူ ယာဉ်နောက်လိုက်ဖြစ်သူအား ကျောက်ပန်းတောင်းမြို့ GTI Quarantine Center သို့ ပို့ဆောင် ထားရှိကြောင်းနှင့် ကျေးရွာမှ ထိတွေ့ဆက်စပ်မှုရှိခဲ့သူများအား စုံစမ်းဖော်ထုတ်၍ GTI Quarantine Center သို့ ပို့ဆောင် ထားရှိသွားမည့်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)