ညောင်ဦးခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသားကျောင်းသူများ ဆက်လက်အပ်နှံလျက်ရှိ

ညောင်ဦး မေ ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းသားကျောင်းသူများအား ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ပြီး ကျောင်းအပ် လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများ များပြားလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လာသည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် ဆရာ၊ ဆရာမများက စနစ်တကျကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း KG တန်းမှ Grade -12 အထိ ကျောင်းသားကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏လမ်း ညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ညောင်ဦးခရိုင် (ခေတ္တ)ပညာရေးမှူး ဦးအောင်ဌေးထံ မှသိရသည်။

ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူများ စတင်လက်ခံလျက်ရှိသည့် မေ ၂၃ ရက်နေ့မှာပင် ညောင်ဦးမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G-5  (၁၅၀၉၉)ဦး၊ အခြေခံပညာ အလယ်တန်းကျောင်း Grade -6 မှ Grade -9 ထိ (၃၈၂၉)ဦး၊ Grade -10 မှ Grade -12 ထိ၊ ကျောင်းသားကျောင်းသူ (၁၆၅) ဦးလာရောက်အပ်နှံခဲ့ကာ၊ ကျောက်ပန်း တောင်းမြို့နယ်၌  KG တန်းမှ G-5  (၅၅၁၃)ဦး ၊ အခြေခံပညာအလယ်တန်းကျောင်း Grade -6 မှ Grade -9 ထိ (၁၆၉၄)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း၊ Grade -10 မှ Grade -12 ထိ (၁၃၆၉) လာရောက်အပ်နှံကြရာ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၀၂၉၇)ဦး ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးခရိုင်(ခေတ္တ) ပညာရေးမှူး ဦးအောင်ဌေးထံမှ သိရကာ မေ ၂၄ ရက်နေ့တွင်လည်း ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံမှု များပြားလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း