ပုဗ္ဗသီရိ နိုဝင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ ပြည်လုံးချမ်းသာ (နေရောင်ပြအင်း) ဘုရားအနောက်ဘက်ရှိ ဆင်ရတနာရုပ်တုအနီးတွင် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းက လုံးပတ် ၁၀ လက်မခန့်နှင့်အလျား ၈ ပေခန့်ရှိသော စပါးအုံးမြွေတစ်ကောင်တွေ့ရှိ၍ စေတီတော်ဂေါပကအဖွဲ့မှ ထိန်းသိမ်းထားကြောင်း သိရသည်။
"ပြည်လုံးချမ်းသာ(နေရောင်ပြအင်း)စေတီတော် အနောက်ဘက် ဆင်ရတနာရုပ်တုအနီးတွင် စပါးရိတ်နေသူတစ်ဦးမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစပါးအုံးမြွေအား အန္တရာယ်ပြုကြမည်ကို စိုးရိမ်၍ ထိန်းသိမ်းစောင့်ရှောက်ထားခြင်း ဖြစ်ကြောင်း၊ မြွေစာအဖြစ် ကြက်ဥ၊ နွားနို့များကို တိုက် ကျွေးထားကြောင်းနှင့် စေတီတော်တွင် ဆက်လက် ထိန်းသိမ်းထားရန်၊ မထားရန် မဆုံးဖြတ်ရသေး ကြောင်း" စေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါစပါးအုံးမြွေမှာ အနက်နှင့်အဖြူကွက်ကြားဖြစ်ပြီး လုံးပတ် ၁၀ လက်မခန့်နှင့် အလျား ၈ ပေခန့်ရှိရာ ဒေသခံပြည်သူများမှ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)