မလှိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းများ စတင်လက်ခံ

မလှိုင် မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း (၁၈၆) အားလုံး၌ KG တန်းမှ Grade -12 အထိ ကျောင်းသားကျောင်းသူကို ယနေ့နံနက် (၉) နာရီမှ စတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် အထက(၈)ကျောင်း၊ အထက(ခွဲ)(၂၄)ကျောင်း၊ ဘာသာရပ်သင်ကိုယ်ပိုင် အထက်တန်းကျောင်း(၉)ကျောင်း၊ အ.လ.က (၁၃)ကျောင်း၊ အ.လ.က(ခွဲ)(၆)ကျောင်း၊  အ.မ.က(မူလွန်) (၂၀)ကျောင်း၊ အ.မ.က(၁၁၅) ကျောင်း ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅) ကျောင်းတို့တွင် ကျောင်းအပ်စတင်လက်ခံပေးလျက်ရှိသည်။ အဆိုပါနေ့က လာရောက်အပ်နှံသူ မူလတန်းအဆင့် စာရင်းရှိ (၁၆၂၅၆) ဦး၊ အပ်နှံသူ (၆၈၈၆) ဦး၊ အလယ်တန်းအဆင့်စာရင်းရှိ (၇၀၆၄) ဦး၊ အပ်နှံသူ (၃၆၁) ဦး၊ အထက်တန်းအဆင့် စာရင်းရှိ (၃၅၁၁)ဦး၊ အပ်နှံသူ (၇၈)ဦး စုစုပေါင်း လာရောက် အပ်နှံသူ (၇၃၂၅)ဦး ရှိ၍ ယနေ့လာရောက် အပ်နှံမှု ရာခိုင်နှုန်းမှာ (၂၇.၃၀) ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံကာလကို မေလ (၂၃) ရက်နေ့မှ စတင်၍ ဇွန်လ (၂) ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်၍ လာရောက် ကျောင်းအပ်နှံသည့် KG တန်း ကျောင်းသား/ကျောင်းသူများကို  သူငယ်တန်း KG သင်ရိုးသစ်ပုံနှိပ်စာအုပ် (၁) စုံနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ မူလတန်းအဆင့်တွင် သင်ရိုးသစ်ပုံနှိပ်စာအုပ် (၁) စုံ၊ ကျောင်းဝတ်စုံ (၁) စုံ၊ ခဲတံ (၄) ချောင်း၊ ဗလာစာအုပ် (၁) ဒါဇင်၊ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့်တို့တွင် သင်ရိုးသစ်ပုံနှိပ် စာအုပ် (၁) စုံ၊ ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၆) ချောင်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)