မော်လမြိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံနိုင်ရေး စတင်လက်ခံ

မော်လမြိုင် မေ ၂၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးသူငယ်များအားလုံး ပညာသင်ယူနိုင်ရေးအတွက် မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ ခုနှစ်၊ မေလ(၂၃)ရက်နေ့မှစတင်၍ သက်ဆိုင်ရာကျောင်းများတွင် ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နိုင်ငံတော်မှ ချမှတ်ထားသော  ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူနိုင်ဖို့ ကျောင်းအပ်နှံကြပါစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၄ ခုနှစ် ၊ မေ လ ၂၃ ရက်နေ့မှစတင်၍ သက်ဆိုင်ရာဒေသအသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့ မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံပေးနေပြီဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/သူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)