ချောင်းဆုံ မေ ၂၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ပြည်သူများအနေဖြင့် မွေးမြူရေးများဆောင်ရွက်ရာတွင် စနစ်တကျ မွေးမြူထုတ်လုပ်နိုင်ပြီး ဒေသတွင်းဝမ်းစာဖူလုံ၍ ဝင်ငွေတိုးစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံမွေးမြူရေးပညာပေးသင်တန်းကို မေလ (၂၃) မှ (၂၄) ရက်နေ့ထိ (၂) ရက်ကြာ ကွမ်သဲကျေးရွ အုပ်ချုပ်ရေးမှူးရုံးတွင် သင်တန်းဖွင့်လှစ် ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် မွေးမြူရေးလုပ်ကိုင်ရာတွင်လိုက်နာရမည့် အခြေခံအချက်များ၊ ဇီဝလုံခြုံရေးဆောင်ရွက်ချက်များနှင့် တိရစ္ဆာန်အစားအစာများ စရိတ်သက်သာစွာ ထုတ်လုပ်ကျွေးမွေးနိုင်ရေးစသည့် အခြေခံအချက်များကို မော်လမြိုင်ခရိုင်(မွေး/ကု)ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးချမ်း၊ မြို့နယ်(မွေး/ကု)ဦးစီးဌာနမှ ဒေါက်တာနွဲ့နွဲ့ရီနှင့် ဝန်ထမ်းများမှ သင်တန်းသား/သူ (၁၅) ဦးတို့အား အသိပညာပေးဆွေးနွေးခဲ့ပြီး မွေးမြူရေးခြံများအရောက် လက်တွေ့ကွင်းဆင်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)