တပ်ကုန်းမြို့၌ ရေခဲမုန့်နှင့် ပေါင်မုန့်၊ ကိတ်မုန့်(Bakery) အမျိုးမျိုး ပြုလုပ်ခြင်းနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

တပ်ကုန်း မေ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား(MSME)အသင်း ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရေခဲမုန့်နှင့်ပေါင်မုန့်၊ ကိတ်မုန့်(Bakery) အမျိုးမျိုးပြုလုပ်ခြင်း နည်းပညာသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိုးမမဌေး၊ မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား(MSME) အသင်းဥက္ကဋ္ဌ ဦးညွန့်ဝင်းတို့က သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး၊ သင်တန်းတွင်ဆုရရှိသည့် သင်တန်းသားများအား  ရေခဲမုန့် မွှေစက်၊ ပေါင်မုန့်မွှေစက်၊ ချိန်စက်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ၂၀ ဦး တက်ရောက်ပြီး၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူလွင်၊ ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းတို့က ရေခဲမုန့်နှင့် ပေါင်မုန့်၊ ကိတ်မုန့်(Bakery)အမျိုးမျိုးပြုလုပ်ခြင်း နည်းပညာရပ်အဆင့်ဆင့်တို့ကို ၁၇.၅.၂၀၂၄ ရက်နေ့မှ ၂၄.၅.၂၀၂၄ ရက်ထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

တင်စိုးလွင်