ဘီးလင်းမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံ​ခြင်းများဆောင်ရွက်

ဘီးလင်း မေ ၂၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်သူများအား ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘီးလင်းမြို့နယ် ပညာရေးဌာနမှ (K.G) တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်()စုံ၊ ကျောင်းဝတ်စုံ (၁) စုံ၊ Grade – 1 မှ Grade – 5 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ် ()စုံ၊ ကျောင်းဝတ်စုံ (၁)စုံ၊ ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၄) ချောင်း၊ Grade – 6 မှ Grade – 12 ထိ ကျောင်းသား၊ ကျောင်းသူများအား​ ကျောင်းသုံးပုံနှိပ် (၁)စုံ၊ ကျောင်းဝတ်စုံ (၁) စုံ၊ ဗလာစာအုပ် (၁) ဒါဇင်၊ ဘောပင် (၂) ချောင်း၊ ခဲတံ (၂) ချောင်းတို့ကို အခမဲ့ပေးအပ်ခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ယခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၁၆) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်း၊ မူလတန်းကျောင်း (၁၃၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၈) ကျောင်း စုစုပေါင်း (၁၄၁) ကျောင်းတို့တွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)