ရန်ကင်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်း အထက်တန်းကျောင်း (၂) ကျောင်း အလယ်တန်းကျောင်း (၇) ကျောင်း၊ အ.လ.က ခွဲ (၁) ကျောင်း၊ မူလတန်းကျောင်း (၁၀) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း (၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း စုစုပေါင်း (၂၅) ကျောင်းရှိကာ ကျောင်းအပ်လက်ခံရာတွင် မေလ (၂၃) ရက်မှ ဇွန်လ (၂) ရက်နေ့အထိ လက်ခံပေးသွားမည်ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိပဲ ကျောင်းသား/ကျောင်းသူ များအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)