မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ဆရာတော်သံဃာတော် ၁၀၈ ပါးအား ဆွမ်းသပိတ်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ချမ်းအေးသာစံ မေ ၂၄

အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော် ကြီးတွင်ယာယီကိန်းစပ်စံပယ် အပူဇော်ခံထားရှိသည့် စူဠာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဆရာတော်၊ သံဃာတော် ၁၀၈ ပါးတို့ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာ တင်မင်္ဂလာအခမ်းအနားကို အဆိုပါကျောင်းတော်ကြီးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံ ကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသီဟနာဒ အမှူးပြုပြီး ပြင်ဦးလွင်မြို့၊အောင်ချမ်းသာကျေးရွာရှိ ဝိပဿီဓမ္မရိပ်သာ ဦးစီးပဓာန နာယကအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တပညိန္ဒ မဟာထေရ်နှင့် တိုင်းဒေသကြီး၊ မြို့နယ်ဂိုဏ်းပေါင်းစုံသံဃအဖွဲ့အစည်းအဆင့်ဆင့်မှ ပင့်ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဘုရားဒါယကာ၊ ဘုရားဒါယိကာမနှင့် မိသားစုဝင်များ၊ ဆွေတော်မျိုးတော်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီးဧည့်ပရိသတ်တို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံ ကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသီဟနာဒထံက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်းဆရာတော်၊ အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒနှင့် ဆရာတော်၊ သံဃာတော်များက  စူဠာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြပြီးနောက် ဝိပဿီဓမ္မရိပ်သာ ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညိန္ဒ မဟာထေရ်ထံက လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာရေစက်ချတရားနာယူပြီး ရေစက်သွန်းချအမျှ ပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိရဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက် ဆွမ်းသပိတ်များ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူဒါန်းခြင်းအခမ်း အနားကို ဆက်လက်ကျင်းပရာ  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊  မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ အမှူးပြုပြီး ဆရာတော် သံဃာတော် ၁၀၈ ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းသပိတ်များ၊ လှူဖွယ် ပစ္စည်းများနှင့်နဝကမ္မအလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်