ချောင်းဆုံ မေ ၂၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/သူ များအား ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ (ထက်၊ လယ်၊ မူ) ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်ကျောင်းများတွင် တစ်ပြိုင်တည်း ကျောင်းအပ်လက်ခံနေပြီး ဖြစ်ကြောင်း သိရသည်။
ကျောင်းအပ်နှံကြသည့် ကျောင်းသား/သူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ် တစ်ဒါဇင်နှင့် Grade-1 မှ Grade-5 အထိ ကျောင်းဝတ်စုံ(၁)စုံစီ အခမဲ့ပေးလျက်ရှိပြီး မူလတန်းအဆင့်(၇၈၂၈) ဦး၊ အလယ်တန်းအဆင့် (၁၄၅၁) ဦးနှင့် အထက်တန်းအဆင့် (၅၁၉)ဦး စုစုပေါင်း ကျောင်းသား/သူ (၉၈၉၇) ဦးတို့ကို (ပထမနေ့) တွင် ကျောင်းအပ်လက်ခံခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို အခြေခံပညာကျောင်း(၁၁၁) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်းတို့တွင် မေလ (၂၃) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး မူလတန်းအဆင့် (၁၇၃၄၆) ဦး၊ အလယ်တန်းအဆင့် (၅၅၇၉) ဦးနှင့် အထက်တန်းအဆင့် (၂၅၇၉) ဦး စုစုပေါင်း (၂၅၅၀၄) ဦး ကျောင်းအပ်လက်ခံနိုင်ရေး လျာထားဆောင်ရွက်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)