မိုင်းယန်း မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများအား ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂) ကျောင်း၊ မူလတန်းကျောင်း (၁၀) ကျောင်းနှင့် မူလတန်းလွန်ကျောင်း (၄) ကျောင်း စုစုပေါင်း (၂၀) ကျောင်းရှိပြီး သက်ဆိုင်ရာ အခြေခံ ကျောင်းများ၌ တာဝန်ခံကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးနေမှုအခြေအနေများကို ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် ၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ အခမဲ့ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းထွန်းထူး