ဒုတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် (၄၀%) ခွင့်ပြုပေးအပ်ခြင်း    အခမ်းအနားကျင်းပ

ပဲခူး      နိုင်ဝင်ဘာ ၁၀

ပဲခူးမြို့ ဥဿာမြို့သစ်၊ ()ရပ် ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် နိုဝင်ဘာ ၁၀ရက် နံနက် ၁၁နာရီက ကျန်းမာ‌ရေးညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉  ရောဂါ  Stay at Home ကာလအတွင်း ယာယီပိတ်သိမ်းထားသည့် စက်ရုံများအား ဒုတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀%) ခွင့်ပြုပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးက အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကေသီခိုင်က လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်(၄၀%)ထုတ်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးက ကိုဗစ်-၁၉ ရောဂါ Stay at Homeကာလအတွင်း ယာယီပိတ်သိမ်းထားသည့် ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ(၁၂)ရုံမှ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀%)ရရှိသူ စုစုပေါင်း အာမခံအလုပ်သမား (၁၆၇၇၇)ဦးတို့အတွက် ထောက်ပံ့ငွေ(၉၇၂၀၇၉၆၉၁.၅ဝ/-)ကျပ်အား သက်ဆိုင်ရာ စက်ရုံများမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့အတူ လူမှုဖူလုံရေးအဖွဲ့ ပဲခူးမြို့နယ်ရုံးခွဲရုံးတွင်လည်း မြို့နယ်ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ Stay at Homeကာလအတွင်း ယာယီ ပိတ်သိမ်းထားသည့် ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ(၃၈)ရုံမှ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀%)ရရှိသူ စုစုပေါင်းအာမခံအလုပ်သမား (၅၁၃)ဦးတို့အတွက် ထောက်ပံ့ငွေ(၂၉၉၈၁၀၄၀/-)ကျပ်အား သက်ဆိုင်ရာစက်ရုံများမှ တာဝန်ရှိသူများထံ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လွှဲပြောင်းပေးအပ် ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ Stay at Homeကာလအတွင်း ပဲခူးမြို့နယ်အတွင်းမှ ယာယီ ပိတ်သိမ်းထားသည့်စက်ရုံများအား ပထမအကြိမ်အဖြစ် နိုဝင်ဘာလ()ရက်နေ့က စက်ရုံပေါင်း(၆၈)ရုံမှ အာမခံအလုပ်သမား (၁၂၀၅၁)ဦးတို့အတွက် ထောက်ပံ့ငွေ (၇၃၂၁၆၆၄၈၅.၁၆) ကျပ်အားထုတ်ပေးခဲ့ပြီး ယနေ့နိုဝင်ဘာလ (၁၀)ရက်နေ့တွင် စက်ရုံပေါင်း(၅၀)ရုံမှ အာမခံအလုပ်သမား (၁၇၂၉၀) ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၀၀၂၀၆၀၇၃၂/-)အား ထပ်မံထုတ်ပေးခြင်းဖြစ်ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)