လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း Quarantine Centre တွင် အရေးပေါ် လိုအပ်နေသော အသုံးအဆောင်ပစ္စည်းများ We love Yangon အဖွဲ့မှ လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ အမှတ်(၁၄)ရပ်ကွက်  အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ် ထားသည့် Quarantine Centre ရှိ စောင့်ကြည့်လူနာများအတွက် အသုံး အဆောင် ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက မစိမ်းမို့နှင့် (We love Yangon) အဖွဲ့မှ လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် အစိုးရနည်းပညာအထက်တန်းကျောင်းတွင်  ဖွင့်လှစ်ထားသည့် Quarantine Centre ရှိ အနံမရသည့် စောင့်ကြည့်လူနာများအတွက် အရေးပေါ်လိုအပ်နေသည့်  (စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ မွေ့ယာ) အစုံ(၃၀)အား လာရောက်လှူဒါန်းခဲ့ပြီး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးနေသော Volunteer ကိုဇေကိုကိုမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
We love Yangon အဖွဲ့မှ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် Quarantine Centre များရှိ အခြေခံလိုအပ်ချက်များအား တတ်အားသရွေ့ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များမှလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)