ရွှေကူမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသားကျောင်းသူများကျောင်းအပ်နှံခြင်းစတင် လက်ခံဆောင်ရွက်

ရွှေကူ       မေ       ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၉ နာရီခန့်မှစတင်၍   ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး၌ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ပညာသင်ယူခဲ့ကြသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၂၇၈၀) ဦးရှိခဲ့ပြီး ယခုနှစ်တွင် ကျောင်း ထွက်သူမရှိစေရေးနှင့် မူလတန်းအဆင့်မှ အထက်တန်းအဆင့်ထိပြီးမြောက်အောင် ပညာသင်ကြား နိုင်ရေး စီမံဆောင်ရွက်ထားကြောင်း၊ ကျောင်းများကို မေလ(၂၃)ရက် ယနေ့မှစ၍ (၃၁)ရက်နေ့ အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်‌ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်လ (၃)ရက် နေ့၌ ကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း၊  ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်အတွင်း ကျောင်းအပ်နှံခြင်း မဆောင်ရွက်နိုင်သူများအား  ‌‌ကျောင်းဖွင့်လှစ်သည့်နေ့များ၌ ကျောင်းတက်ရင်း ဖြင့်လည်း ကျောင်းအပ်နှံနိုင်ပါကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 ထိုသို့ ကျောင်းအပ်နှံခြင်းဆောင်ရွက်ရာတွင် ကျောင်းသား၊ မိဘများ နှင့်အုပ်ထိန်းသူများ လိုက်ပါ၍ (KG အတန်းမှ  Grade-12 အတန်းထိ) ကျောင်းအပ်နှံခြင်းများဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံသည့်ကျောင်းသားကျောင်းသူများအား နိုင်ငံတော်က ပုံနှိပ်စာအုပ် တစ်စုံ၊ဗလာစာအုပ်၊ ခဲတံ ၊ ဘောပင်များ ကိုအခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်ဆက်)