လသာ နိုဝင်ဘာ ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် နေအိမ်ပြင်ပထွက်ခွာသွားလာသူများ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် လသာမြို့နယ်ရှိ လူစည်ကားရာနေရာ များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
လသာမြို့နယ်၊ (၁၇) လမ်း၊ (၁၈) လမ်း၊ လသာလမ်းနှင့် အနော်ရထာလမ်းတို့တွင် နေအိမ်ပြင်ပထွက်ခွာ သွားလာသူပြည်သူများ နှာခေါင်းစည်းစနစ်တကျတပ်ဆင်သွားလာကြရန်အတွက် စစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်လာခြင်းမရှိသူများအား ဒဏ်ငွေ(၂၀၀/-)ပေးဆောင်စေ၍ မှတ်တမ်းရေးသွင်းခြင်း၊ တပ်ဆင်မည့် နှာခေါင်းစည်း(Mask) ထုတ်ပေးခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းဦးဆောင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်များမှ တာဝန်ရှိသူများနှင့်စစ်ဆေး ကြပ်မတ်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။
မေသူ(ပြန်/ဆက်)