မှော်ဘီ မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က(၁)ကျောင်းမှကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်တေးသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ကာ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက အမှာစကားပြောကြားပြီး မှော်ဘီမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စမ်းစမ်းဝင်း ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးစာရေးကိရိယာ၊ ကျောင်းသုံးစာအုပ်များ၊ ကျောင်းသုံးပစ္စည်းများကို တာဝန်ရှိသူများက သက်ဆိုင်ရာ တာဝန်ခံကျောင်းအုပ်၊ ကျောင်းအုပ်ကြီးများထံပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)