မုဒုံ မေ ၂၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လက်ခံဆောင်ရွက်ပေးသည်။
မုဒုံမြို့နယ်တွင် ဖွင့်လှစ်သင်ကြားမည့် အခြေခံပညာကျောင်းပေါင်း(၁၀၂)ကျောင်းရှိပြီး ကျောင်းများသို့ လာရောက်အပ်နှံကြသည့် ကျောင်းသား၊ကျောင်းသူများကို အခမဲ့ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသည့်အပြင် KG တန်းမှ Grade–5 ထိ ကျောင်းသား၊ သူတစ်ဦးလျှင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ တူညီကျောင်းဝတ်စုံအဖြူ၊ အစိမ်းတစ်စုံ၊ ခဲတံ(၆)ချောင်းစီကိုလည်းကောင်း၊ Grade-6 မှ Geade-12 ထိ ကျောင်းသား၊ကျောင်းသူတစ်ဦးလျှင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံနှစ်ချောင်းနှင့် ဘောပင်နှစ်ချောင်းတို့ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)