ကျောက်တံတား နိုဝင်ဘာ ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီး ဟင်းရွက်စားသောက်ကုန်များအားပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယနေ့ နံနက် ပိုင်း(၇)နာရီမှ (၁၀)နာရီထိ ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်းရှိ အမှတ်(၁)၊ (၂)၊ (၃)ရပ်ကွက်များ အနော်ရထာလမ်း တောင် ဘက်ခြမ်း (၃၃လမ်းနှင့် ၃၆လမ်းကြား) တွင် ကြက်သားစျေးကား၊ ဆိတ်သားစျေးကား၊ အမဲသားစျေးကား၊ ငါး၊ ပုဇွန်၊ ပင်လယ်စာစျေးရာင်းကား၊ ဆီကား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥစျေးကား၊ ဟင်းသီး ဟင်းရွက်စျေးရောင်းကား စသည့်ဖြင့် စုစုပေါင်း ကား(၆)စီးဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ စျေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက်ကုန်များအား ဝယ်ယူရရှိနိုင်ရေး၊ မိမိတို့နေအိမ်အနီးမှာပင် ဝယ်ယူ ရရှိနိုင်ရေးရန်ရည်ရွယ် ကာ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ