ခရမ်း မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၏ မဟာကျက်သရေဆောင် သကျမာရဇိန်သွန်းဘုရားကြီးဘုံမြင့်စေတီတော်ကို ရန်ကုန်မြို့နေ ဦးသိန်းဝင်း+ဒေါက်တာရီရီနွယ် (သီဟသုဓ္မသိင်္ဂီ) သား ဒေါက်တာကျော်မျိုးမြင့် YE Win Co.;Ltd မှ နှစ်ဖက်သော အမိအဖတို့ကို ရည်စူး၍ သကျမာရဇိန်သွန်းဘုရားကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများ၏ သြဝါဒကိုခံယူကာ၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ လမ်းညွှန်မှုဖြင့် သိန်း ၈၀၀၀ ကျော် အကုန်ကြခံဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့ နံနက်အာရုဏ်တက်ချိန်တွင် သကျမာရဇိန်သွန်းဘုရားကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၉)ပါးကို အာရုဏ်ဆွမ်းဆက်ကပ်၍နံနက် (၇)နာရီ ၂ ၀ မိနစ်တွင် သကျမာရဇိန်သွန်းဘုရားကြီးဘုံမြင့်စေတီတော် ထီးတော်တင်ခြင်းမဂ်လာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
နံနက် (၉) နာရီတွင် အနေကဇာတင်ရေစက်ချ အလှူတော်အခမ်းအနားကို မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီး(၉)ပါး၊ သကျမာရဇိန်သွန်းဘုရားကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၉)ပါး၊နှင့် မြို့ပေါ်ကျောင်းတိုက်(၃၀)မှ သံဃာတော်အရှင်သူမြတ်(၃၀)ပါး စုစုပေါင်း သံဃာတော် (၄၈)ပါးဖြင့် ကျင်းပခဲ့ပြီးနံနက်(၉)နာရီခွဲအချိန်တွင် ဆွမ်းဆန်တော်လောင်းလှူခြင်း မဂ်လာအခမ်းအနားကို မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ သံဃာတော်(၅၁၀)ပါးနှင့် သီလရှင်ဆရာကြီးဆရာလေး(၇၅)ပါး စုစုပေါင်း (၅၈၅)ပါးကို တစ်ပါးလျင် ဆွမ်းဆန်တော်(၃)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ပဲ (၅၀)ကျပ်သား၊ ကြက်သွန် (၅၀) ကျပ်သားနှင့် ဆား(၅၀)ကျပ်သားတို့ကို လှူဒါန်း၍မြို့ပေါ်ရပ်ကွက်အသီးသီးမှ အိမ်ထောင်စု (၂၁၀၀)ကို တစ်အိမ်ထောင်လျင် ဆန်(၃)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ပဲ(၅၀)ကျပ်သား၊ ကြက်သွန်(၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သားတို့ဖြင့် အသီးသီးလှူဒါန်းခဲ့ပြီး လာရောက်သည့် ဧည်ပရိသပ်များအား စတုဒီတာ ထမင်း၊ ကြက်သားဟင်း၊ ပဲကုလားဟင်းတို့ဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုမင်း