တောင်သာမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများဆောင်ရွက်

တောင်သာ   မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်အတွင်း၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၅) ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) (၃၁) ကျောင်း၊ အလယ်တန်းကျောင်း (၂၃) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၀)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၃၀) ကျောင်း၊ မူလတန်းကျောင်း (၈၆)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၃)ကျောင်းနှင့် ဘကကျောင်း (၁၀)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း (၂၁၆) ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။                                 

ကျော်မျိုးနိုင်(တောင်သာ)