ကျိုက်ထို မေ ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သာသနာ့ဗိမ္မာန်ဝင်းအတွင်းရှိ ဗောဓိညောင်ပင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကဆုန်လပြည့်(ဗုဒ္ဓနေ့)ပူဇော်ပွဲကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစန်းနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာများမှဒေသခံပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
ထို့နောက် ကဆုန်ညောင်ရေသွန်းပွဲသို့ တက်ရောက်လာကြသောတာဝန်ရှိသူများနှင့် ပြည်သူများမှ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ကျိုက်ထိုပြန်/ဆက်