ပေါင် မေ ၂၃
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ယမန်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ညောင်ရေသွန်းလောင်းသူများနှင့် ဘုရားလာဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ရောက်တိုင်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဘုရားဖူးခြင်း၊ ဝတ်ပြုခြင်းနှင့် ကုသိုလ်ကောင်းမှု အလှူဒါနများတို့ကို ပြုလုပ်ဆောင်ရွက်ကြသည်။
ယနေ့(ကဆုန်လပြည့်နေ့)မှာ ပေါင်မြို့နယ်တွင် ဘုရားဖူးလာပြည်သူများလွယ်ကူစွာ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန် စီစဉ်ပေးထားသည့်အပြင် ဘုရားကျောင်းကန်စေတီပုထိုးများတွင် ပဠာန်းရွတ်ဖတ်ပူဇော်သူများ၊ ဘုရားဝတ်ပြုသူများနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်သူများ၊ အလှူဒါနစတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)