ရမည်းသင်းမြို့နယ်၌ တတိယအကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှုပွဲ ကျင်းပ

ရမည်းသင်း မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးနှင့်ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ တတိယအကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၄နာရီက မြို့မရပ်ရှိ ရန်အောင်မြင်ဘုရားရှေ့ ကျင်းပပြုလုပ်သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူရာသို့ မြို့နယ်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္ဒနန္ဒောဘာသ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္ဒကုမာရ၊ မြို့နယ်သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္ဒခေမာစာရနှင့် ရမည်းသင်းမြို့နယ်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊သံဃာနှင့်ရှင်သာမနေအပါး(၂၀၀)ပါးတို့မှ ကြွရောက်၍ အလှူခံတော်မူကြရာ ရမည်းသင်းအမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တပ်မှူးဗိုလ်မှုးကြီး ဇော်မြင့်ဦးနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ဝန်ထမ်းများ၊ အမှတ်(၁)ရဲလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ရဲမှူးကြီးမျိုးသန့်ကျော်နှင့်တပ်ဖွဲ့ဝင်မိသားစုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကဘဏ်များ၊ ခရိုင်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်ဉ္ဇူမြင့်နှင့်အဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ စုစုပေါင်း(၇၅၀)ဦးခန့်မှ ဆွမ်းဆန်စိမ်းနှင့်ဝတ္ထုငွေများ လောင်းလှူခဲ့ကြပြီး ကြွရောက်လာသည့် သံဃာတော်အရှင်သူမြတ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုမှ အအေးဆက်ကပ်လှုဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)