သထုံရွှေစာရံစေတီတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

သထုံ မေ

မွန်ပြည်နယ်၊ သထုံမြို့ ကျက်သရေဆောင်လေးဆူဓာတ်စံရွှေစာရံစေတီတော် မြတ်ကြီး၏ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနားကို ယမန်နေ့၊ နံနက်က စေတီတော်မြတ်ကြီး ရင်ပြင်တော်စနေထောင့်ရှိ ဗောဓိညောင်ပင်အနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ သဒ္ဓမဇောတိကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ပိဋကတ္တရပါရဂူ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ သုမနာဘိဝံသနှင့် သံဃာတော်အရှင်သူမြတ်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တက်ရောက်လာသူများက နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း ညောင်ထောက်ကုသိုလ်ပြုခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)