မုဒုံ မေ ၂၃
မွန်ပြည်နယ် မုဒုံမြို့နယ်၌ (၂၀၂၄)ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် (RS-CS) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် ဧက(၅၀) ထုတ်လုပ်နိုင်ရေးအတွက် အကျိုးဆောင်တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို မေ ၂၁ ရက်နေ့က စိုက်ပျိုးရေးဦးစီးဌာန ဂိုထောင်၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငွေမှီက တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်းနှင့် (RS-CS) မျိုးစပါးများ ထောက်ပံပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အတွင်း မိုးစပါး (RS-CS) မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးမည့် တော်ကူး၊ ကျောက်တလုံး၊ ကွမ်တာ၊ ဘလောက်/ ညောင်ဝိုင်းကျေးရွာရှိ တောင်သူများ၏ ဧက(၅၀)အတွက် ပေါ်ဆန်းရင်၊ ဆင်းသုခ မျိုးသန့်မျိုးစပါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)