မန္တလေး မေ ၂၃
၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
နံနက်ပိုင်းတွင် ပန်းချီပြိုင်ပွဲကို ပြုလုပ်ရာ အထက်တန်းအဆင့်တွင်(၅၇)ဦး၊ အလယ်တန်းအဆင့်တွင်(၈၄)ဦး၊ မူလတန်းအဆင့်တွင်(၁၃၆)ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇၆)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ယှဉ်ပြိုင်နေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ အမှတ်(၁)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးအုန်းခိုင်၊ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများက ကြည့်ရှုအားပးကြသည်။
မွန်းလွဲပိုင်းတွင် ပိုစတာပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အထက်တန်းအဆင့်တွင်(၁၆)ဦး၊ အလယ်တန်းအဆင့်တွင်(၁၉)ဦး၊ မူလတန်းအဆင့်တွင်(၁၅)ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)