ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မုဒုံမြို့နယ်ရှိ ဘုရားပုထိုးစေတီများတွင် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကား

မုဒုံ မေ ၂၃

ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မွန်ပြည်နယ် မုဒုံမြို့ရှိ တန်ခိုးကြီးဘုရားစေတီများနှင့် အထင်ကရနေရများတို့၌ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မုဒုံမြို့နယ်ရှိ အထင်ကရဘုရားစေတီပုထိုးများဖြစ်သည့် အတောင် (၄၀၀) ပြည့် လျောင်းတော်မူဘုရားကြီး၊ ခပ်ခပ်ယူထိုင်တော်မူဘုရားကြီး၊ ကန်ကြီးစေတီတော်၊ ကန်ကလေးစေတီတော်စသည့် ဘုရားပုထိုးစေတီတို့တွင် ဘုရားဖူးလာပြည်သူများက စေတီတော်များရှိ မဟာဗောဓိညောင်ပင်များတွင် ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ စေတီတော်ရင်ပြင် ဂြိုလ်တိုင်များရှိ ဗုဒ္ဓရုပ်ပွားတော်တို့၌ ရေသပ္ပါယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ယူကြ၍ ဗုဒ္ဓပူဇနိယဘုရားပွဲများ၊ ကန်ကြီးကန်ပတ်လမ်းတစ်လျှောက် လာရောက်အပန်းဖြေကြသူများ၊ ငါးအစာကျွေးမွေးသူများနှင့် စတုဒိတာများ ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)