ကျောက်ဆည်မြို့နယ် ထုံးကြီးစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် စိုက်ပျိုးထားသော နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေနှမ်းသီးနှံများကို (၈၁၉၂) ဧက လျာထားစိုက်ပျိုးထားကြောင်းနှင့် ထုံးကြီးစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် စိုက်ပျိုးထားသော နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ထုံးကြီးစိုက်ပျိုးရေး နည်းပညာပေးရှ့တန်းစခန်းတွင် နွေနှမ်းသီးနှံများကို နွားတက်မြောင်းနှင့် ထုံးကြီးမြောင်းရေများဖြင့် စိုက်ပျိုးကြပြီး မင်းစုကျေးရွာအုပ်စုတွင် (၇၀၀) ဧက၊ စပါယ်တောကျေးရွာအုပ်စုတွင် (၁၃၀) ဧက၊ ရွှေအင်းကျေးရွာအုပ်စုတွင် (၁၃၀) ဧက၊ လေးဆယ်ကုန်းကျေးရွာအုပ်စုတွင် (၃၃၉) ဧက၊ ရဲမအူကျေးရွာအုပ်စုတွင် (၇၉၂ဧက၊ စိုင်မလန်းကျေးရွာအုပ်စုတွင် (၅၁၂) ဧက၊ ကိုးပင်ကျေးရွာအုပ်စုတွင် (၃၉၂)ဧက၊ အင်ရောင်းကျေးရွာအုပ်စုတွင် (၆၅၅)ဧက၊ ကလိုင်ကျော်ကျေးရွာအုပ်စုတွင် (၆၅၃)ဧက၊ တောတွင်ကျေးရွာ အုပ်စုတွင်(၅၀၀)ဧက၊ မြေစိုပါယ်ကျေးရွာအုပ်စုတွင် (၅၀၀)ဧက စိုက်ပျိုးပြီးကြောင်းနှင့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေနှမ်းသီးနှံများ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေး ဒေသနှင့် ကိုက်ညီသည့် နှမ်းမျိုးများ ရွေးချယ်၍ သိပ္ပံနည်းကျစနစ်ဖြင့် စိုက်ပျိုးရေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ  ကွင်းဆင်း၍ တောင်သူများနှင့်တွေ့ ဆုံ၍ စိုက်နည်းစနစ်များ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင် (ပြန်/ဆက်)