မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းအပ်နှံရေးအသိပညာပေး နံရံကပ်စာစောင်ပြသ

မိုးကုတ် မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံဘုတ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀နာရီ အချိန်က ပြသခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြရန်၊ ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) နှင့် ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade -1) သို့ အပ်နှံရန်၊ ကျောင်းအပ်ရာတွင်လည်း မိဘအုပ်ထိန်းသူများအနေဖြင့် အခမဲ့အပ်နှံနိုင်ပါကြောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသူ/သားများအတွက် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးပြသခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)