သံဖြူဇရပ် မေ ၂၀
မွန်ပြည်နယ်၊ သံဖြူဇရပ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးစိုးမင်းက ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ မိုင်းအသိ မိုင်းသတိရှိကြစေရေး၊ မြေမြုပ်မိုင်းနှင့် မပေါက်ကွဲရသေးသော စစ်လက်နက်ပစ္စည်းများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ မိုင်းကြောင့်အသက်ဆုံးရှုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းများ ခံစားရခြင်းကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းအတွက် ကဏ္ဍ(၅)ရပ်ရှိသည့်အနက် မိုင်းအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြီး၊ တက်ရောက်လာကြသည့် လူငယ်များမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)