ကမာရွတ် နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ၊ အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး ယနေ့နံနက် (၆)နာရီအချိန်မှ စတင် ကျင်းပလျက်ရှိရာ ညနေ(၄)နာရီအချိန်တွင် မဲရုံများပိတ်သိမ်း၍ မဲရုံပရဝဏ် အတွင်းကျန်ရှိနေသော ပြည်သူများကို ဆက်လက် ဆန္ဒမဲပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဆန္ဒမဲပေးသူ မကျန်ရှိသော မဲရုံများတွင် သက်ဆိုင်ရာမဲရုံများအလိုက် မဲရေတွက်လျက်ရှိပြီး ကြိုတင်မဲ များကိုလည်း သက်ဆိုင်ရာ မဲရုံများထားရှိရာနေရာတွင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ မီဒီယာများ ရှေ့မှောက် တွင် ညနေ(၄)နာရီအချိန်မှစ၍ ရေတွက်နေကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)