ကျိုက်မရော မေ ၂၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄ခု နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ထုတ်ချေးပေးလျက်ရှိသည်။
မိုးရာသီ တွင်လယ်ယာလုပ်ငန်းခွင်သို့ ဝင်ကြမည့်တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ယခင်စိုက်ပျိုးစရိတ် ချေးငွေကြွေးကျန်မရှိသူများအား အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ်ပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျင် ချေးငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲသည် ၂၀၂၄ခု နှစ် မိုးရာသီ၌ လျာထားဧက ၉၀၀၀ အတွက် တောင်သူ(၁၃၈၆)ဦးတို့အား ချေးငွေကျပ်(၁၃၅၀၀.၀၀)သိန်း ထုတ်ချေးပေးရန်လျာထားပြီး ယနေ့တွင် ပထမဆုံးထုတ်ချေးသည့် ခနောင်ကျေးရွာမှ တောင်သူ ၁၄ ဦး၊ မိုး စပါးစိုက်ဧက(၄၈)ဧကအတွက် တစ်ဧကလျင် (၁၅၀၀၀၀ိ/) ကျပ်နှုန်းဖြင့်ချေးငွေ (၇၂)သိန်း အားတောင်သူလက်ဝယ်အရောက် စနစ်တကျထုတ်ပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးမင်းသက်စံထံမှ သိရသည်။
မိချို (ပြန်/ဆက်)