လားရှိုး နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ၊ အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး ယနေ့နံနက် (၆)နာရီ အချိန်မှ စတင်ကျင်းပလျက်ရှိရာ ညနေ(၄)နာရီအချိန်တွင် မဲရုံများပိတ်သိမ်း၍ မဲရုံပရဝဏ်အတွင်းကျန်ရှိနေသော ပြည်သူများကို ဆက်လက်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဆန္ဒမဲပေးသူ မကျန်ရှိသော မဲရုံများတွင် သက်ဆိုင်ရာမဲရုံများအလိုက် မဲရေတွက်လျှက်ရှိပြီး ကြိုတင်မဲများကို လားရှိုးမြို့ မြို့တော်ခန်းမ၌ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ မီဒီယာများ ရှေ့မှောက်တွင် ညနေ(၄)နာရီအချိန်မှစ၍ ရေတွက်နေကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)