သံဖြူဇရပ်၌ (၂၅)နှစ်မြောက်ငွေရတု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲဖြေဆို

သံဖြူဇရပ် မေ ၂၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်ကြားရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၅)နှစ်မြောက်ငွေရတု မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟံသာထောကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မွန်အမျိုးသားအလံအား အလေးပြုခဲ့ကြသည်။

ထို့နောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဥ်ကျေးမှု စာမေးပွဲကျင်းပရေးကော်မတီအတွင်းရေးမှူး ဟံသာထောကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒတဦးသီလဝန္တမှ  မွန်စာပေသမိုင်းကြောင်းနှင့်စာမေးပွဲဖြေဆိုရမည့် စည်းကမ်းချက်များကိုရှင်းလင်းပြောကြားသည်။ အဆိုပါ စာမေးပွဲကို စာမေးပွဲကျင်းပရေးကော်မတီအတွင်းရေးမှူး ဟံသာထောကျောင်းတိုက် ဆရာတော်ဘဒ္ဒတဦးသီလဝန္တနှင့် ဆရာတော်ကြီး (၃၅) ပါးတို့မှကြီးကြပ်၍  ဟံသာထောကျောင်းတိုက်တွင် သံဖြူဇရပ်မြို့နယ်မှ (၇၂၅) ဦး၊ မုဒုံမြို့နယ်မှ (၃၃၉) ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ (၁၅၂)ဦး၊ ဘုရားသုံးဆူမြို့နယ်မှ (၃၁)ဦး၊ စုစုပေါင်း ဖြေဆိုသူဦးရေ (၁၂၄၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲကျင်ပရေး ကော်မတီအတွင်းရေးမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)